Pages
Xposed Installerနှင့်​ Xposed Modules များ ထည့်​သွင်း အသုံးပြုနည်း
✔ Xposed Installer_ v2.6.1.apk
✔ မင်္ဂလာပါ ခင်​​ဗျာ။ 
      ဒီတစ်​ခါ Android ဖုန်း​တွေကို Root ​ဖောက်​ထားပြီး အ​ကောင်းဆုံး လုပ်​​ဆောင်​ချက်​ (function) ​တွေနဲ့ အသုံးပြုချင်​တဲ့ သူငယ်​ချင်း​တွေ အတွက်​ Xposed Installer ဆိုတဲ့ လူသုံးများလာပြီ ဖြစ်​တဲ့ App ​လေးနဲ့ မိတ်​ဆက်​​ပေးချင်​ပါတယ်​။ ဒီ App ​လေးကို ဖုန်းထဲမှာ Install လုပ်​ထားရင်​ သူရဲ့ modules ​နေရာမှာ Plugin လုပ်​ပြီး သုံးရမယ်​ Apps ​တွေရဲ့ လုပ်​​ဆောင်​ချက်​​တွေက သူငယ်​ချင်းတို့ စိတ်​ကြိုက်​ ဖြစ်​​စေလိမ့်​မယ်​ ထင်​ပါတယ်​။ Xposed Installer နဲ့ Plugin လုပ်​ပြီး သုံးရမယ်​ Xposed Module Apps ​တွေ ​အများကြီး ရှိပါတယ်​။ အဲဒီ အထဲက နှစ်​ခု​လောက်​ကို တင်​ပြ​ပေးသွားပါမယ်​။ ကျ​နော့်​ Blog ​လေးရဲ့ ​ရှေ့ပိုင်း Post ​တွေထဲမှာလည်း Wannam Xposed နဲ့ Wannam Kit ဆိုတဲ့ Xposed Moudules နှစ်​ခု​ တင်​ထား​​ပေးပြီး ဖြစ်​ပါတယ်​။
 ✔     Xposed installer ကို အသုံးပြုဖို့အတွက် ပထမဆုံး ကိုယ့်​ရဲ့ ဖုန်းမှာ Root ရှိရပါမယ်​။ Xposed Installer ကို ​အောက်​မှာ ​ဒေါင်းပြီးယူပါ။
ဒေါင်းလို့ ရလာတဲ့ Xposed Installer Apk ကို install လုပ်​ပါ။ 
      Xposed Installer ဆိုတဲ့ App ပုံ​လေး ကိုယ့်​ရဲ့ ဖုန်းထဲမှာ ​ရောက်​​နေတာ​တွေ့ရပါလိမ့်​မယ်​။ ဟုတ်​တယ်​​နော်​..ခ်​..ခ်​။
      ကဲ..​ဗျာ...ဖုန်းထဲမှာ ​ရောက်​ရှိ​နေတဲ့ Xposed Installer ဆိုတဲ့ App ​လေးကိုနှိပ်​ပြီး ဖွင့်​လိုက်​ပါ​နော်​..၊ 
     အဲ့ဒီမှာ ပထမဆုံး Framework ဆိုတဲ့ အပိုင်းမှာ အနီ​ရောင်​ စာတန်း​တွေ ပြ​နေပါလိမ့်​မယ်​။ Not active ပါ။ Xposed modules ​တွေကို Plugin လုပ်​ပြီး အသုံးပြုနိုင်​ဖို့ အတွက်​ Framework က Active ဖြစ်​ရပါမယ်​။
➡Active ဖြစ်​ဖို့ အတွက်​ အနီ​ရောင်​စာတန်းနဲ့ Framework ဆိုတဲ့ အပိုင်းကို နှိပ်​လိုက်​ပါ၊ 
➡​Be Careful! ဆိုတဲ့ ​ဘောက်​က​လေးတစ်​ခု​ ပေါ်လာပါလိမ့်​မယ်​၊ Ok. နှိပ်​​ပေးလိုက်​ပါ။ 
➡ပြီးရင်​ Install/Update ဆိုတာကို နှိပ်​ပါ။
➡Superuser request ​တောင်းလာတဲ့ အခါ Grant (or) Allow. ကို နှိပ်​​ပေးလိုက်​ပါ။
➡ ပြီးရင်​ ​ဘောက်​က​လေး တစ်​ခု ​ပေါ်လာပါဦးမယ်​ Phone ကို Reboot (or) Restart လုပ်​ခိုင်းတာပါ၊ Ok ကို နှိပ်​​ပေးလိုက်​ပါ။ 
       ဖုန်းက Reboot ပြန်​တတ်​လာတဲ့ အခါ Xposed installer ကို ပြန်​ဖွင့်​ကြည့်​ပါ အနီ​ရောင်​စာတန်း မရှိ​တော့ပဲ Active ဖြစ်​​နေရပါမယ်​။
✔Xposed Installer ရဲ့ ဒုတိယ အပိုင်းက​တော့ Modules ပါပဲ၊ အဲ့ဒီ​နေရာမှာ Plugin လုပ်​ပြီး သုံးရတဲ့ Xposed Modules App ​တွေရဲ့ ​နေရာ​ပေါ့​ဗျာ၊ Xposed Modules App ​တွေကို ​ဒေါင်းယူ၊ install လုပ်​ပြီးတဲ့ အခါ အဲ့ဒီ ​နေရာမှာ သွားပြီး၊ အသုံးပြုမယ့်​ Modules App ကို အမှတ်​​လေးကို သွားပြီး ခြစ်​​ပေးရပါမယ်​။ ပြီးရင်​ Modules App ကိုနှိပ်​ပြီး သူ့ရဲ့ လုပ်​​ဆောင်​နိုင်​စွမ်း ရှိတဲ့ အတိုင်းအတာ အတွင်းမှာ ကိုယ့်​ စိတ်​တိုင်းကျ ပြုပြင်​နိုင်​ပါတယ်​။ ပြုပြင်​ပြီးတဲ့ အခါ ဖုန်းကို Reboot (or) restart. ထပ်​ပြီး လုပ်​​ပေးရပါမယ်​။ (မှတ်​ချက်​- အချို့ Modules Apps များက ✅အမှတ်​ခြစ်​၊ Reboot လုပ်​ပြီးမှ ပြု ပြင်​နိုင်​သည်​။)
✔ Xposed Installer ရဲ့ တတိယ ​အပိုင်းက​တော့ Downloads ပါ။ ကျ​နော်​တို့ ကြိုက်​နှစ်​သက်​ရာ Modules Apps များစွာကို ရှာ​ဖွေ ​ဒေါင်းယူ၊ Install လုပ်​နိုင်​ပါတယ်​။ ဒါ့အပြင်​ Google search မှာ Xposed Modules လို့ ရိုက်​ပြီး Best Xposed Modules ​တွေကို ရှာ​ဖွေ ​ဒေါင်းယူနိုင်​ပါတယ်​။
....​အောက်​မှာ ပုံ​လေး​တွေနဲ့ အတတ်​နိုင်​ဆုံး ရှင်း​အောင်​ တင်​ပြ​ပေးထားပါတယ်​။ 
⭐⭐ Xposed installer App ကို Android Version အနိမ့်​​တွေက​နေ Version_4.4.4 အထိ အသုံးပြု နိုင်​တဲ့ Xposed Installer_v2.6.1.apk ကို ​ပေးထားပါတယ်​။ 
⭐⭐Lolipop ​Version ​တွေ အတွက်​က​တော့ Xposed Installer_ v3.0-Alpha-2-3-4 စသည်​ဖြင့်​ Lolipop Version အလိုက်​ ​​ရွေးပြီး သုံးရမှာရယ်​ Xposed Installer - Framework ....Active ဖြစ်​ဖို့ အတွက်​ ​နောက်​ထပ်​ Tools နှစ်​ခု.သုံးခု ​ပေါင်းထည့်​​ပေးမှ Active ဖြစ်​ပြီး သုံးလို့ အဆင်​​ပြေမှာ ဖြစ်​တဲ့ အတွက်​ အနည်းငယ်​ ရှုပ်​​ထွေးပြီး ရွာလည်​ စရာဖြစ်​​နေတဲ့ အတွက်​ ​နောက်​ အဆင်​​ပြေ အချိန်​ရတဲ့ အခါ ကြိုးစားပြီး ​ရေး​ပေးပါ့မယ့်​...
           ⭐⭐ ​....ကျေးဇူးတင်​ပါတယ်​....⭐⭐
✔ APM+_v17.11.apk ( Xposed Modules )
✔ လျှာရှည်​ပါဦးမယ်​ ခင်​​ဗျာ....
 Xposed Installer အခန်း ပြီးပြီ ဆို​တော့ ​ပြောခဲ့တဲ့ အတိုင်း ..Plugin လုပ်​ပြီး သုံးဖို့ Xposed Modules နှစ်​ခု ဆက်​ပြီး တင်​​ပေးလိုက်​ပါတယ်​။
1. APM+ ဆိုတဲ့ Xposed Modules ​apk ​လေးပါ။
APM+ ကို ​ဒေါင်းယူ၊ Install လုပ်​ပါ။ 
➡ပြီးရင်​ ဖုန်းထဲမှာ  Xposed Installer App ကို နှိပ်​ပြီး ဖွင့်​လိုက်​ပါ။
➡Modules ကို နှိပ်​ပါ။ APM+ App ကို ​တွေ့ရပါမယ်​။ ညာဘက်​ အစွန်းက အကွက်​​လေးထဲမှာ အမှန်​ခြစ်​​လေး ​ပေးလိုက်​ပါ။ ပြီးရင်​ reboot (or) restart လုပ်​​ပေးလိုက်​ပါ။( အချို့ modules ​app ​တွေက အမှန်​ခြစ်​၊ တစ်​ခါထဲ ပြု​ ပြင်​ပြီးမှ Reboot လုပ်​လည်း ရပါတယ်​။)
➡APM+ App ကို နှိပ်​ပြီး ဖွင့်​လိုက်​ပါ။ Xposed Installer ရဲ့ Modules ထဲမှာပဲ သွားပြီး ဖွင့်​တာ အ​သေချာဆုံးပါပဲ​​ဗျာ။
 [APM+ App ​လေးက ဘာ​တွေ အသုံးပြု လို့ရသလဲ ဆို​တော့ ကျ​နော်​တို့ ဖုန်းရဲ့ POWER ခလုတ်​ ( device options) ကို ဖိနှိပ်​လိုက်​တဲ့ အခါ ပုံမှန်​အားဖြင့်​ power off, mobile data, Airplane mode နဲ့ reboot (or) restart ​စသည်​ဖြင့်​ ပါပါတယ်​။]
 နှိပ်​ဖွင့်​ထားတဲ့ APM+ App ရဲ့ ​အောက်​ဘက်​မှာ အစိမ်း​ရောင်​ အ​ပေါင်းလက္ခဏာ အကွက်​​လေးကို နှိပ်​ပြီး 
➡ Screenshot
➡ Screen record
➡ Flashlight
➡Quick dial ( ဖုန်းနံပါတ်​ တစ်​ခု)
✔ Xposed Installer ရဲ့ Modules ​တွေ ကို အသုံးပြုပုံက​တော့ အတူတူပါပဲ ခင်​​ဗျာ။ 
Modules App ​တွေ ရဲ့ လုပ်​​ဆောင်​နိုင်​စွမ်းနဲ့ လုပ်​​ဆောင်​ချက်​​တွေကို သူငယ်​ချင်းတို့ စိတ်​ကြိုက်​ ပြု ပြင်​ပြီး သုံးရမှာပါပဲ​ဗျာ။ ✔
✔Gesture Navigation_ v1.0.6.apk ( Xposed Modules )
✔ ​​နောက်​ထပ်​ Xposed Modules တစ်​ခုက​တော့...
⭐Gesture Navigation ဆိုတဲ့ apk ​လေးပါ။ ဒီ Apk ​လေးက google playstore မှာ 💲2 ​..ကျော်​​လောက်​ ​ပေးရတဲ့ ဟာ​လေးပါ။ ကျ​နော်​က ခိုးလာတာ၊ ခ်​..ခ်​..။
မှားလို့ပါ ...ကျ​နော်​တို့အားလုံး ဝယ်​ပြီး သုံးနိုင်​တဲ့ သူ​တွေပါပဲ​ဗျာ။ ဒီအ​ကြောင်း​တွေ ​ပြောရရင်​ နိုင်​ငံ​ရေး​တွေ ပါကုန်​​တော့မယ်​ ထင်​တယ်​၊ ထားပါ​တော့​ဗျာ။
 အဲဒီ Gesture Navigation apk ​လေးက ဘယ်​လို အလုပ်​လုပ်​လဲ ဆို​တော့ သူ့အထဲမှာ
➡ Edge Gesture
➡ Two Finger Gestures
➡ Three Finger Gestures
➡ Four Finger Gestures
➡ Five Finger Guestures
➡ Touch  Gestures
➡ Hold Gestures
➡ Status Bar Gestures
➡ Notification Panel Gestures
➡ Navigation Bar Gestures
➡ Lockscreen Glowpad Gestures ​တွေ ပါဝင်​ပါတယ်​။
✔ ကျ​နော်​ ​စေတနာထားတဲ့ အတိုင်း တစ်​ခု​တော့ ရှင်းပြ​ပေးပါ့မယ်​။
⭐ Edge Gestures ......ပါ။
Edge = အစွန်းအဖျား
Gesture = ကိုယ်​ခန္ဓာ/ ​ခြေလက်​များ၏ ထင်​ရှား​သော လှူပ်​ရှားမှူ
အဲ့တော့​ဗျာ ..အစွန်းအဖျား​လေး​တွေကို ကျ​နော်​တို့ လက်​က​လေး​တွေနဲ့ လှူပ်​ရှားရမယ်​ ဆိုပါ​တော့..
ခိ..ခိ...ကျ​နော်​ ဘာသာပြန်​တာ မိုက်​တယ်​​နော်​..ရှင်း​နေ​ရော..
Gesture Navigation apk ကို ​ဒေါင်းယူ၊ install လုပ်​ပါ။
➡Install လုပ်​ပြီးရင်​ Xposed Installer App ကို ဖွင့်​ပါ။
➡Modules ကိုနှိပ်​ဖွင့်​ပါ။ Gesture Navigation app ကို​တွေ့ပါလိမ့်​မယ်​။ အမှန်​ခြစ်​ပေးပြီးရင်​ နှိပ်​ဖွင့်​လိုက်​ပါ။
အဲဒီမှာ စ.​တွေ့ပါလိမ့်​မယ်
ပထမဆုံး ဖြစ်​တဲ့ Edge Gestures ကို အသုံးပြုဖို့ နားလည်​သ​လောက်​​လေး ​ပြောပြ​ပေးပါမယ်​။
Edge Gesture ထဲမှာပဲ ပါဝင်​တာ​ (၄) မျိုး ရှိပါတယ်​..
1. Right Edge Gestures ( ညာဘက်​ အစွန်း လှူပ်​ရှားမှူ )
2. Left Edge Gestures ( ဘယ်​ဘက်​ အစွန်း လှူပ်​ရှားမှူ )
3. Top Edge Gestures ( အ​ပေါ်ဘက်​ အစွန်း လှူပ်​ရှားမှူ )
4. Bottom Edge Gestures ​( ​အောက်​​ခြေဘက်​ အစွန်း လှူပ်​ရှားမှူ ) ​တွေပဲ ဖြစ်​ပါတယ်​။
အဲဒီ ​လေးမျိုး ထဲက​နေ Right Edge Gestures ကို ရှင်းပြ​ပေးပါမယ်​။ Function ​တွေ များလွန်းလို့ နည်းနည်းပဲ ရှင်းပြပါရ​စေ။ စာ​တွေလည်း များ​နေလို့ပါ​နော်​။
Right Edge Gestures ကို နှိပ်​ပြီး ဖွင့်​လိုက်​ရင်
➡Right Edge Gestures
➡Left Swipe
➡Up Swipe
➡Down swipe
➡Single Tap
➡Double Tap ဆိုပြီး ဆက်​​တွေ့ရပါလိမ့်​မယ်​။
အဲဒီမှာ အ​ပေါ်ဆုံးက Right Edge Gestures ဆိုတာ တစ်​ချက်​နှိပ်​လိုက်​ပါ။ အစိမ်း​ရောင်​ အတုံး​လေး ပြ​နေမှ ​အောက်​မှာ ကိုယ်​ သတ်​မှတ်​ထားတာ​တွေ အလုပ်​လုပ်​မှာ ဖြစ်​ပါတယ်​။ ဖွင့်​ထား​ပေးရပါမယ်​။
Right Edge Gestures က ဖုန်းကိုင်​တဲ့ အခါ ညာဘက်​အခြမ်းပါ။ ဟုတ်​တယ်​​နော်​..😊 ညာဘက်​အခြမ်း မီးလင်း​နေတဲ့ ဖုန်း screen အစပ်​နား၊ ဖုန်းကာ​ဗာ ​ဘောင်​ရဲ့ အတွင်းဘက်​ အစပ်​နားပဲ ဆိုပါ​တော့​ဗျာ။
အဲ့ဒီ နယ်​စပ်​နားကို လက်​ညိုး၊ လက်​မ ​လေး​တွေနဲ့ ထိပြီး အသုံးပြု လှူပ်​ရှား​ပေးရပါမယ်​။ Left Sipe ဘယ်​ဘက်​ကို ဆွဲ​ရွှေ့ပါ၊ Up Swipe အ​ပေါ်ဘက်​ကို ဆွဲ​ရွှေ့ပါ။ Down Swipe ​အောက်​ဘက်​ကို ဆွဲ​ရွှေ့ပါ။ Single Tap တစ်​ချက်​ ထိ​ခေါက်​​ပေးပါ။ Double Tap နှစ်​ချက်​ဆင့်​ပြီး ထိ​ခေါက်​​ပေးပါ။
ဥပမာ..Left swipe ဆိုပါ​တော့၊ ခုက ညာဘက်​အစွန်းနား လုပ်​​ဆောင်​ချက်​​တွေကို ပြုလုပ်​​ပေးမှာ ဖြစ်​တဲ့ အတွက်​ သူက Left Swipe ကို ပဲ ​ပေးထားပါတယ်​၊ ညာဘက်​အစွန်းက​နေ ညာဘက်​ကို ဆက်​ဆွဲရင်​ ဖုန်း Screen အပြင်​ဘက်​ပဲ ​ရောက်​သွားမှာ​ပေါ့​နော်​။ ဘယ်​ဘက်​ကို ကိုဆွဲရပါမယ်​။
Left Swipe - ကို နှိပ်​လိုက်​ပါ ဖုန်းထဲက Apps ​တွေ ​ပေါ်လာပါလိမ့်​မယ်​၊ တစ်​ခုကို သက်​မှတ်​​ပေးရပါမယ်
Up Swipe ကို နှိပ်လိုက်​ပါ ဖုန်းထဲက Apps ​တွေ ​ပေါ်လာပါလိမ့်​မယ်​၊ တစ်​ခုကို သတ်​မှတ်​​ပေးလိုက်​ပါ။
Down Swipe , Single Tap နှင့်​ Double Tap ​တွေကိုလည်း ဒီနည်း အတိုင်းပဲ သက်​မှတ်​ ​ပေးရတာပါပဲ။သတ်​မှတ်​ပြီးရင်​ စမ်းကြည့်​နိုင်​ပါတယ်​၊ ဒီ Reboot (or) Restart မလုပ်​လည်း ရပါတယ်​ ခင်​​ဗျာ။
ကျ​နော်​က​တော့ Single Tap နှင့်​ Double Tap ​တွေကို မထားပဲ ( No Action ) လုပ်​ထားပါတယ်​။ ကီးဘုတ်​ရိုက်​တဲ့ အခါ အစွန်း​လေး​တွေကို သွား.ကလိမိ​တော့ သတ်​မှတ်​ထားတဲ့ Apps ​တွေက ဘွားခနဲ့ ​ပေါ်လာတတ်​လို့ပါ။ ကိုယ့်​ လက်​ ကိုယ်​ ထိန်းနိုင်​တယ်​ ဆိုရင်​​တော့ ထား​ပေါ့​ဗျာ။
✅ Apk ​တွေကို ​အောက်​မှာ ​ဒေါင်းပြီး ယူပါ ခင်​​ဗျာ။ လိုအပ်​ချက်​​လေးများ အဆင်​မ​ပြေတာ​လေးများ ရှိခဲ့ရင်​လည်း မန့်​​ပေးခဲ့လိုက်​ပါ ခင်​​ဗျာ။ ✅
ကြို့ပင်​​ကောက်​သား​လေးဖိုးချမ်း
Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.
No comments:
Post a Comment