Pages

ရေဘေးကြောင့် ရခိုင်ပြည်နယ်တွင် လူ ၃၅ ဦးသေဆုံးပြီး ကျပ်သိန်း လေးသောင်းကျော်ဆုံးရှုံး

ရခိုင်ပြည်နယ်တွင် ရေဘေးကြုံတွေ့နေစဉ် (ဓာတ်ပုံ − မောင်ကံ)
သြဂုတ် ၁၂ ရက်အထိ ရရှိသော စာရင်းများအရ ရခိုင် ပြည်နယ်တွင် ရေဘေးအန္တရာယ် ကြောင့် လူ ၃၅ ဦး သေဆုံးပြီး ခြောက်ဦးပျောက်ဆုံးကာ ကျပ်သိန်းလေးသောင်းကျော် ဆုံးရှုံးခဲ့ ကြောင်းသတင်းရရှိသည်။
ရေနစ်မြုပ်မှုများကြောင့် ကျား ၁၇ ဦး၊ မ ၁၈ ဦးသေဆုံးခဲ့ပြီး ခြောက်ဦးပျောက်ဆုံးနေကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သြဂုတ် ၃ ရက်တွင်  သတင်းထုတ်ပြန်ခဲ့သည်။
လူနေအိမ်ခြေ ၅,၉၇၉ လုံး၊ စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်း ၉၀၊ တံတား လေးစင်း ပျက်စီးဆုံးရှုံးခဲ့ပြီး  တိရစ္ဆာန် ကောင်ရေ ၈၈၁ ကောင်သေဆုံးခဲ့ ကြောင်း ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုသည်။
ရေဘေးဒဏ်ကြောင့် ကျပ် ငွေ ၄၇,၅၃၄ သိန်းဖိုး ဆုံးရှုံးခဲ့ ပြီး အသေအပျောက်၊ အပျက်အစီး စာရင်း ထပ်မံရရှိနိုင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
မြောက်ဦးမြို့နယ်တွင် ရွာ လုံးကျွတ်ရေထဲမျောပါသွား၍ လူ တစ်ရာကျော်သေဆုံးခဲ့သည်ဆို သည့် သတင်းမှာ မှန်ကန်ခြင်းမရှိ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
‘‘တချို့နေရာတွေမှာ ရေကျ သွားပါပြီ။ ကယ်ဆယ်ရေးတွေ တောက်လျှောက်သွားနေပါတယ်။ ရဟတ်ယာဉ်နဲ့လည်း ရိက္ခာတွေ ဝေနေပါတယ်’’ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကယ်ဆယ်ရေးဆောင်ရွက် နေသော အရပ်ဘက်အဖွဲ့အစည်း များနှင့် ဒေသခံများက ရေဘေး ကြောင့် သေဆုံးသူဦးရေ ပိုမို များပြားနိုင်ကြောင်း ပြောကြား သည်။
ရေဘေးဒဏ်ကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ အမ်း၊ ပုဏ္ဏားကျွန်းစသည့်ဒေသများတွင် အရေးပေါ်အကူ အညီများလိုအပ်နေကြောင်း သ တင်းရရှိသည်။
‘‘ဆန်၊ ဒါမှမဟုတ် အသင့်စားလို့ရတာ၊ ပြီးတော့ ရေသန့်နဲ့ မိုးကာစတွေအဓိကလိုတယ်’’ဟု စစ်တွေ မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းက ပြောကြားသည်။

Posted via Blogaway

ကြို့ပင်​​ကောက်​သား​လေးဖိုးချမ်း

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment