Pages

ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့သို့သွားရောက်၍ ရေဘေးသင့်ပြည်သူများကို ကြည့်ရှုအားပေး03/08/15

ဒေါ်အောင်ဆန်းစုကြည် ပဲခူးရေဘေးသင့်ဒေသများသို့ သွားရောက်စဉ်(ဓာတ်ပုံ - ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့သို့ သွားရောက်ကာ ရေဘေးကူညီမှုများဆောင်ရွက်ခြင်း၊ ရေဘေးသင့်ဒေသများသို့ သွားရောက်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၃ ရက်နံနက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ ရေဘေးကယ်ဆယ်ရေး အတွက်လှူဒါန်းမှုများ သွားရောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်မတို့ဖောင်ဒေးရှင်း အနေနဲ့  တစ်တိုင်းပြည်လုံးက ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ကြိုးစားနေပါတယ်။ ဒီလိုဖြစ်တာ ဟာ  အားလုံးညီညွတ်မှု၊  တစ်ဦး အပေါ်တစ်ဦး စေတနာထားမှုကို ပြသနိုင်ဖို့ အခွင့်အရေးလည်းဖြစ် ပါတယ်။ ဒါပေမဲ့ ဒီလိုရေဘေး သင့်ဖြစ်စဉ်တွေကို  ဒီတိုင်းကြည့် နေလို့မဖြစ်ပါဘူး။ နောင်နှစ်တွေ မှာ ဒါကိုမဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ အဖြေရှာရမှာ ဖြစ်ပါတယ်။ အားလုံးဝိုင်းလုပ်မှ ဖြေရှင်းနိုင်မှာပါ’’ဟု ဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံရာတွင်ပြောကြားသည်။
  ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၁၀ နာရီခန့်တွင် ပဲခူးမြို့သို့ရောက်ရှိခဲ့ပြီး ရွှေမော် ဓောဘုရားလမ်းရှိ မိုးလုံလေလုံ အားကစားရုံ၌  ယာယီစခန်းချလျက်ရှိသော  ရေဘေးသင့်ပြည်သူ ၁,၆၀၀ ခန့်အား ဆန်၊ ရေသန့်ဘူး၊    ဓာတ်ဆားထုတ်အစရှိသည့်ပစ္စည်းများကို  ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် အားကစားရုံမှ ထွက်ခွာပြီး ရေနစ်မြုပ်နေသော ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်သို့ လှေဖြင့်သွားရောက်ကာ အောင် ဇေယျကျောင်းတိုက်တွင်  ရေ ဘေးသင့်မိသားစု ၆၀၀ ခန့်အားဆန်၊ ရေသန့်နှင့် ဆေးဝါးပစ္စည်း များ ဆက်လက်လှူဒါန်းခဲ့သည်။
နိုင်ငံတစ်ဝန်း ရေဘေးသင့်မှု များကြုံတွေ့ခဲ့ရပြီး ဒေါ်အောင် ဆန်းစုကြည်သည် ရေဘေးသင့် ဒေသသို့ ပထမဆုံးအကြိမ် သွား ရောက်ခြင်းဖြစ်သည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အနေဖြင့် ဆန်နှင့် အခြားလိုအပ်ပစ္စည်းများကို ရေဘေးသင့်ဒေသများသို့    ပေးပို့လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိသည်။

Posted via Blogaway

ကြို့ပင်​​ကောက်​သား​လေးဖိုးချမ်း

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment