Pages

မြေယာပြဿနာနှင့် ဖမ်းဆီးခံကျောင်းသားများအရေး ဂျိုလီ ကုလသို့ တင်ပြမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်ဂျလီနာဂျိုလီတို့ လှိုင်သာယာသို့ သွားရောက်စဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာအေဂျင်စီမှ အထူးသံ တမန် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီက ကုလသမဂ္ဂ   အဖွဲ့သို့ မြန်မာနိုင်ငံ၏ မြေယာ ပြဿနာနှင့်  ကျောင်းသားများဖမ်း ဆီးထောင်ချခံရမှုများ တင်ပြရန် အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် သြဂုတ် ၃ ရက်တွင် တွေ့ဆုံခဲ့ ကြောင်း သတင်းရရှိသည်။

မြေယာသိမ်းဆည်းရေးကိစ္စ၊ အလုပ်သမားများ လုပ်ခလစာ ကိစ္စ၊ ကျောင်းသားများ ဖမ်းဆီး ထားသောကိစ္စနှင့် ရွေးကောက်ပွဲ မဲပေးရေးကိစ္စတို့နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

‘‘မေးမြန်းချက်တွေကို ကုလ ကို တင်ပြပေးမယ်လို့ ပြောပါ တယ်။ ဘာလုပ်ပေးမယ်လို့တော့ တိတိကျကျမပြောပါဘူး’’ဟု မိ ကျောင်းကန် အရေးလှုပ်ရှားသူ ဦးစိန်သန်းကပြောသည်။

မြေယာသိမ်းဆည်းရေးဆန့် ကျင်လှုပ်ရှားမှုများနှင့် လူ့အခွင့် အရေးလှုပ်ရှားမှုများတွင်ပါဝင် သော ပေါင်းကူးမှ ဒေါက်တာ ကျော်သူ၊ ကိုအေးချို၊ ကိုစည်သူ နှင့် ဦးစိန်သန်းတို့ကို ခေါ်ယူတွေ့ ဆုံမေးမြန်းခဲ့သည်ဟု သတင်းရရှိ သည်။

ဇူလိုင် ၂၉ ရက်က မြန်မာ နိုင်ငံသို့ ရောက်ရှိနေသော ဂျိုလီ သည် သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ နှင့် ဦးစွာတွေ့ဆုံခဲ့ပြီး သြဂုတ် ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံခဲ့သည်။

မူလက ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ရန်ရှိ သော်လည်း ကချင်ပြည်နယ်သို့ သာ သွားရောက်ခဲ့ပြီး ရခိုင်ပြည် နယ်တွင် ရေကြီးရေလျှံဖြစ်ပေါ်နေ သောကြောင့် သွားရောက်ခဲ့ခြင်း မရှိခဲ့ပေ။

ဂျိုလီသည် မြန်မာနိုင်ငံခရီး စဉ်တွင် သြဂုတ် ၃ ရက်အထိ ခြောက်ရက်အကြာနေထိုင်မည့် အစီအစဉ်ကို ရွှေ့ဆိုင်း၍ သြဂုတ် ၁ ရက်တွင် ပြန်မည်ဟု နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောဆိုထား သော်လည်း ခြောက်ရက်ကြာ မြန်မာနိုင်ငံ၌် နေထိုင်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းရှိနေစဉ်အတွင်း ပြည် တွင်းဒုက္ခသည်များ မဲပေးခွင့် ရရှိ ရေးကို တောင်းဆိုခဲ့သည့်အပြင် အမျိုးသမီးထုအားလုံး   ရွေး ကောက်ပွဲတွင်ပါဝင်လာရန် ပြော ဆိုခဲ့သည်။ နိုဗယ်ငြိမ်းချမ်းရေးဆု ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း  လှိုင်သာယာမြို့နယ်ရှိ အခြေခံလူတန်းစားများအား သွား ရောက်တွေ့ဆုံသည်။ happy myanmarမှကူးယူသည်
7day daily


Posted via Blogaway

ကြို့ပင်​​ကောက်​သား​လေးဖိုးချမ်း

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment