Pages

Fake Call2 v0.0.15





သူငယ်ချင်းတွေကို စချင်နောက်ချင်တဲ့ ဘော်ဘော်တို့အတွက် Fake Call2 ဆိုတဲ့ application လေးတစ်ခုကို တင်ပေးလိုက်ပါတယ်
ဒီ application လေးကတော့ တစ်ယောက်ယောက်ကနေပြီး ကိုယ့်ဆီကို ဖုန်းခေါ်လာသလိုမျိုးဖြစ်အောင် Fake လို့ရတဲ့ application လေးဖြစ်ပါတယ်

အသုံးပြုပုံ ကိုအောက်မှာကြည့်လိုက်ပါ

ဒီ application လေးကို download ဆွဲပြီးသွားရင် ဖုန်းထဲမှာ installed လုပ်ပြီးဖွင့်လိုက်ပါ

ပြီးရင် ပုံ(၁) မှာပြထားတဲ့အတိုင်း
Caller Name ဆိုတဲ့ နေရာမှာ ကိုယ့်ဆီကို ဖုန်းခေါ်လာမဲ့သူရဲ့ နာမည်ကိုရေးပါ
ကျွန်တော်ကတော့ ခင်ဝင့်ဝါ လို့ရေးလိုက်ပါတယ် ဟဲဟဲ
ဘော်ဘော်တို့ကတော့ ဘော်ဘော်တို့ဆေးထိုးချင်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဆော်နာမည်ကို ရေးလိုက်ပါ

ပြီးရင် အောက်က Caller number နေရာမှာတော့ ကျွန်တော်က 09123456789 ဆိုပြီး လျှောက်ရေးထည့်လိုက်ပါတယ်
ဘော်ဘော်တို့ကတော့ ဘော်ဘော်ဆေးထိုးမဲ့ သူငယ်ချင်းရဲ့ ဆော်ဖုန်းနံပါတ်ကို ထည့်ထားလိုက်ပေါ့

ပြီးရင် Picture နေရာမှာတော့ ကျွန်တော်က ခင်ဝင့်ဝါပုံ ထည့်ထားလိုက်ပါတယ်
ဘော်ဘော်တို့ကတော့ ထုံးစံအတိုင်း ဆေးထိုးမဲ့သူငယ်ချင်းရဲ့ ဆော်ပုံကို ထည့်ပေးလိုက်ပေါ့ဗျား

ပြီးရင် အောက်မှာရှိနေတဲ့ 10 seconds 30 seconds 5 minutes 15 minutes ဆိုတဲ့နေရာမှာ အချိန်တစ်ခုကို နှိပ်ပေးလိုက်ရင်ရပါပြီ

ဥပမာအနေနဲ့ 30 seconds ကို နှိပ်လိုက်တယ်ဆိုပါတော့ဗျား
နှိပ်ပြီးသွားရင် ကိုယ့်ဖုန်းလေးကို ဆေးထိုးမဲ့သူငယ်ချင်းကို ဟှောင့် ငါ့ဖုန်းခဏယူထားပေး ဘာညာဆိုပြီး ပေးထားလိုက်ပေါ့ဗျား ပြီးရင် ကိုယ်က မသိသလိုနေပေါ့
30 seconds ပြည့်ရင် ပုံ (၂) မှာပြထားတဲ့အတိုင်း ခင်ဝင့်ဝါက ဖုန်းခေါ်လာတာပေါ့ဗျာ ဟဲဟဲ
ဘော်ဘော်တို့ကတော့ သူငယ်ချင်းရဲ့ ဆော်ဖုန်းနံပါတ်တွေဘာတွေ ထည့်ထားတာဆိုတော့ မသိရင် သူငယ်ချင်းရဲ့ဆော်ကပဲ ဘော်ဘော်တို့ဆီကို ဖုန်းဆက်လာသလိုလို ဘာလိုလိုပေါ့ဗျား ဟဲဟဲ

file size 1MB သာရှိပြီး android 2.2 ကစပြီး အသုံးပြုနိုင်ပါတယ်


key features:
- fake caller id number.
- change name of caller.
- fake call with picture.
- pretend your boss calling.
- make call with your own ringtone.
- schedule a fake call.
- easy to use.
- it is free.

more features:
- tricked your friends that a celeb is calling your phone.
- teaching your children how to use phones.
- prank call yourself.

Size : 1MB
Version : 0.0.15
Requires : Android 2.1 and up

Fake Call2 v0.0.15 ကိုအောက်မှာ Free Download ရယူနိုင်ပါတယ်
Download Link သုံးခုပေးထားပါတယ် အဆင်ပြေမဲ့ Link တစ်ခုကနေ ဒေါင်းယူပါ

>>>>> DOWNLOAD HERE <<<<<

(OR)

>>>>> DOWNLOAD HERE <<<<<

(OR)

>>>>> DOWNLOAD HERE <<<<<

ပိုစ့်အသစ်တင်တိုင်း Facebook ကနေ ယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ထားခဲ့လိုက်ပါ

ကြို့ပင်​​ကောက်​သား​လေးဖိုးချမ်း

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment