Pages

ရေစိုသွားတဲ့ ဖုန်းတွေကို မပျက်စီးအောင် ဘယ်လို ထိန်းသိမ်းမလဲ?


မင်္ဂလာပါ;
သင်္ကြန်အချိန်အခါကို နီးကပ်လာပြီ ဖြစ်တဲ့အတွက် သင်္ကြန်မှာ ဖုန်းတွေကို ရေစိုတဲ့အခါ ဘယ်လိုထိန်းသိမ်း သင့်တယ်ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေဟာ ဖုန်းထဲကို လုံးဝရေဝင်သွားမှ ပျက်တတ်တာမျိုး မဟုတ်ပါဘူး။ ရေငွေ့ရိုက်ရုံနဲ့လည်း ဖုန်းထဲကိုရေက ဈင်သွားစေ နိုင်ပါတယ်။ ဒါကြောင့် သင်္ကြန်အချိန်မှာ မိုဘိုင်းဖုန်းတွေကို အသုံးပြုမယ်ဆိုရင်တော့ ရေစိုခံအိတ်တွေကို အသုံးပြုသင့်ပါတယ်။ ရေစိုခံအိတ်တွေကို အသုံးပြုတဲ့ အခါမှာလည်း အချို့ဟာ ဖုန်းနဲ့အတူ ပိုက်ဆံ၊ ဒါမှမဟုတ် အခြားပစ္စည်းတွေကိုပါ ဖုန်းရေစိုခံအိတ်ထဲမှာ ထည့်သွင်းအသုံးပြု ကြတာတွေ့ရပါတယ်။ ဒီလိုမျိုးဖုန်းနဲ့အတူ ရောထွေး အသုံးပြုခြင်းဟာ ဖုန်းအတွက် ရေဝင်နိုင်တဲ့ အန္တရယ်ရှိပါတယ်။ ဖုန်းတွေကို ရေစိုခံအိတ်ထဲမှာ ထည့်သွင်း အသုံးပြုတဲ့အခါ ဖုန်းကို အိတ်ထဲထည့်ပြီးတာနဲ့ ရေစိုခံအိတ်ကို လုံးဝပြန်မဖွင့် သင့်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေရှိတဲ့နေရာတွေကို သွားတဲ့အခါမှာ ဖုန်းအိတ်က ရေစိုနေပါလိမ့်မယ်။ အိတ်ကိုရေစို ထားတဲ့အချိန်မှာ ကိုယ်ကရေလွတ်တဲ့ နေရာမှာဖုန်းကို အိတ်ထဲကနေ အပြင်ကို ထုတ်လိုက်တဲ့အချိန်မှာ ပြင်ပကရေငွေ့တွေနဲ့ ဖုန်းအိတ်မှာ ရှိနေတဲ့ ရေငွေ့တွေဟာ အိတ်ထဲကို ဝင်နိုင်ပါတယ်။ ဒီလိုမျိုး ဖုန်းအိတ်ထဲမှာ ရေငွေ့ရိုက်သွားတဲ့အချိန်မှာ ကိုယ်ကဖုန်းကို အိတ်ထဲကို ပြန်ထည့်ပြီး အသုံးပြုလိုက်တာနဲ့ အိတ်ထဲက ရေငွေ့ဟာဖုန်း ထဲကိုပါ ဝင်ရောက်သွားနိုင်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ ဖုန်းတွေဟာရေ တိုက်ရိုက်ဝင်ရောက်ခြင်း မဟုတ်ဘဲ ရေငွေ့ရိုက်တဲ့ နည်းလမ်းနဲ့လည်း ဖုန်းဟာ အစိုပျံပြီး ရေဝင်နိုင်ပါတယ်။

ဖုန်းထဲကို ရေဝင်သွားပြီ ဆိုတာကို သိခဲ့ရင်တော့ ဖုန်းရဲ့ဘက်ထရီကို ထုတ်လိုက်ပါ။ နောက်ကာဗာခွာလို့ မရတဲ့ဖုန်းတွေနဲ့ ဘက်ထရီအသေ ဖုန်းတွေမှာဆိုရင်တော့ ပါဝါပိတ်လိုက်ပါ။ ပြီးရင်တော့ ဖုန်းကိုပြင်ပက ရေတွေခြောက်သွားအောင် အရင်ဆုံး သုတ်လိုက်ပါ။ ဖုန်းကိုပါဝါ ပြန်ဖွင့်ကြည့်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဖုန်းကရေစိုေ နတဲ့အချိန်မှာ ပါဝါကို ပြန်ဖွင့်ကြည့်လိုက်တာနဲ့ Circuit မှာရှိနေတဲ့ ပါဝါ IC တွေဟာ ရေစိုထားမယ်ဆိုရင် ရှော့ဖြစ်ပြီး ပျက်သွားနိုင်ပါတယ်။ ပါဝါမဖွင့်ရင် ဖုန်းဟာ ရေစိုနေပေမယ့်လည်း ချက်ချင်းမပျက်စီးနိုင်သေးပါဘူး။ ဖုန်းကို ရေခြောက်အောင် သုတ်ပြီးပြီဆိုရင်တော့ ဆန်ပုံး ဒါမှမဟုတ် ဆန်အိတ်ထဲမှာ ထည့်ထားသင့်ပါတယ်။ ဒါဟာ အကောင်းဆုံး နည်းလမ်းပါပဲ။ ဖုန်းကိုဆန်တွေထဲမှာ နှစ်ထားလိုက်မယ် ဆိုရင်တော့ အချိန်ကြာလာတဲ့အခါမှာ ဆန်ကရေငွေ့တွေကို စုတ်သွားပါလိမ့်မယ်။

ရေစိုနေတဲ့ ဖုန်းကို Dryer တွေနဲ့လည်း မမှုတ်သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Dryer တွေရဲ့လေဟာ ပူပါတယ်။ ဒီလိုပူတဲ့အတွက် ဖုန်းဟာ ပြင်ပမှာ ခြောက်သွားပေမယ့် အထဲကရေဟာ အငွေ့ပျံပြီး ဖုန်းရဲ့အတွင်း ပိုင်းတွေမှာ ခိုနေတတ်ပါတယ်။ ဒါ့အပြင် Dryer ရဲ့အပူနှုန်းဟာများ လာတာနဲ့အမျှ ဖုန်းမှာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဆားကစ်ပြားတွေရဲ့ ခဲတွေဟာ အရည်ပျော်လာပြီး ဆားကစ်တစ်ခုလုံး ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် အပူချိန် မြင့်မားလွန်းခြင်းဟာ ဖုန်းရဲ့ Screen ကိုလည်း ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းကို ရေစိုသွားတဲ့အချိန်၊ ရေဝင်သွားတဲ့ အချိန်တွေမှာ ပါဝါကို ပိတ်ထားပြီး ဖုန်းကို ဆန်ထဲမှာ တစ်ရက်လောက် ထည့်ထားတာဟာ အကောင်းဆုံးပါပဲ။ ဆန်ထဲမှာ ထည့်ထားလို့ ဖုန်းကရေငွေ့ ကုန်သွားပြီး ရေခြောက်သွားတဲ့အချိန်မှာ ဖုန်းကိုပြန်လည် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒီတိုင်းပြန်လည် အသုံးပြုခြင်းထက် ဆားဗစ်ဆိုင်တွေမှာ သွားပြပြီး ဆားကစ်တွေကို ဆေးကြောမယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ ဆားဗစ်ဆိုင်မှာ သွားရောက်ပြုလုပ် တဲ့အခါမှာတော့ ဖုန်းတစ်ခုလုံးကိုဖွင့်ပြီး ဆေးတာဖြစ်တဲ့အတွက် ဖုန်းရဲ့ အတွင်းပိုင်းနံရံတွေနဲ့ ကိုယ်ထည်နံရံတွေ၊ ကင်မရာအထိုင်အောက်ခြေ ပိုင်းတွေမှာ ရေငွေ့တွေ ရှိမရှိကို ကောင်းစွာသိရှိစေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းကို ရေစိုတဲ့အချိန်မှာ ပထမဆုံးအနေနဲ့ ပါဝါပိတ်ထားပါ။ အိမ်ပြန်ရောက်ချိန်မှာ ဖုန်းကိုဆန်ထဲမှာ တစ်ည ဒါမှမဟုတ် တစ်ရက် လောက်နှစ်ထားပါ။ ပြီးရင်တော့ ဆားဗစ်ဆိုင်မှာ ပြသပြီး အတွင်းပိုင်း ဆားကစ်တွေကို ဆေးကြောသန့်ရှင်းတာမျိုး ပြုလုပ်လိုက်​ပါ.....
အားလုံးပဲအဆင်​​ပြေပါ​စေ​နော်​..

By- internet journal

ကြို့ပင်​​ကောက်​သား​လေးဖိုးချမ်း

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment