Pages

ဟာသစာတို​လေး

ဦးလှမောင် ရထားမောင်းသည်။တစ်နေ့တော့ သူမောင်းတဲ့ရထားက လမ်းချော်ပြီး လယ်ကွင်း ထဲကျသွားလို့ရထားစီးတဲ့လူတွေဒဏ်ရာ ရကုန်သည်။မီးရထားကအရာရှိကသူ့ကိုခေါ်ဆူ တယ်။.`ရထားမောင်းတယ်ဆိုတာ လူအများကြီးရဲ့ အသက်ကို မင်းလက်ထဲမှာ ထည့်ပြီးမောင်းရတာ.. မင်းဘာလို့ ဒီလောက်တာဝန်မဲ့ရတာလဲ´ဦးလှမောင်ကဖြေတယ်..`မဟုတ်ပါဘူးဆရာ..ကျွန်တော်ဒီနေ့ရထားမောင်းလာတဲ့လမ်းမှာ လူတယောက်က လှဲအိပ် နေတယ်..ကျွန်တော်အဝေးကြီးကနေဥသြတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်..သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´အဲဒါနဲ့ အရာရှိကပြောတယ်..`သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ။.လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ တဲ့ ရထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´ဦးလှမောင် ပြန်ဖြေတယ်..`ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ရထားကို သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့......တိန်

ကြို့ပင်​​ကောက်​သား​လေးဖိုးချမ်း

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

1 comment:

  1. ဟီးဟီး သ​ဘောကျတယ်​ဗျာ

    ReplyDelete